Skip to main content

Computer service engineer တို့အတွက် အသုံးဝင်သော Website များ

ဒီတစ်ခေါက် Service ပိုင်းလုပ်နေသော ညီကိုတို့  အတွက် Internet ရှိ ရုံနဲ့ computer error များကို အလွယ်တကူ ရှာနိုင်မဲ့ website တချို့ ကိုဖော်ပြ ပေးထားပါတယ်


Keyboard Error

    မိတ်ဆွေ တို့ သိတိုင်းအတိုင်း Laptop Key ကပ်နေရင် ဒါမှ မဟုတ် ဘယ် Key က မကောင်းတာလဲဆိုတာ အလွယ်တကူရှာလို့  ရတဲ့ နည်းတွေ အများကြီးဘဲရှိပါတယ်။ ခု ပြောပြမဲ့နည်းလမ်းက တော့ website ကနေ အလွယ် တကူ စစ်ဆေးနိုင်တဲ့ နည်းလမ်းတစ်ခုပါ။ အောက်မှာ ဖော်ပြထားတဲ့ website ကို ဝင်ပြီးတော့ keyboard ကို အလွယ်တကူဘဲ test နိုင်ပါတယ်။


website - Keyboard Tester

 

Software Collection

    Software တွေ ကို Free သုံးချင်တယ် နောက်ပြီး တစ်နေရာထဲက နေဘဲ ပြည့်ပြည့်စုံစုံ Download ချင်တယ် ဆိုရင်တော့ ဒီ Site ကို Recommend ပေးပါတယ်။


Website - Software Collection

 

Bootable Software

  OS Installation လုပ်ချင်သူများအတွက် အကောင်းဆုံး software တစ်ခု နဲ့ ညွှန်ပြပေးချင်ပါတယ်။ ဒီကောင်က တော့ Rufus ပါဘဲ။ အောက် က လင့်ကတဆင့် Download လုပ်ပါ။


Website - Rufus 


Desktop အတွက် ဘယ် Power Supply သုံးသင့်လဲ

   သိတဲ့ အတိုင်း power supply ကအဓိက Computer ကို power support ပေးနေတဲ့ Device ဖြစ်တယ်။ မိမိ ရဲ့ စက်ထဲ မှာ သုံးထားတဲ့ watts နဲ့ အဆင်ပြေကိုက်ညီဖို့အတွက် Power Supply ကောင်းကောင်းရွေးချယ်နိုင်ဖို့လိုပါတယ်။ အောက် ဖော်ပြပါ website ကတော့ Power Supply Calculator ဖြစ်ပြီး မိမိ စက်အတွက် သုံးသင့်တဲ့ အမျိုးစားတွေကိုဖော်ပြပေးမှာဖြစ်ပါတယ်။


Website - PSU Calculator

 

 

Comments

Popular posts from this blog

ကို့ Wifi ထဲ မှာ ဘယ်သူတွေ သုံးနေလဲ ဘယ်လိုစစ်မလဲ ?

 ကဲ ဒီတစ်ခါတော့ ကိုယ့် wifi တနည်း အားဖြင့် ကိုယ့် Network ထဲမှာ ဘယ် Device တွေသုံးနေသလဲဆိုတာ software တခု သုံး ပြီး စစ်နည်း ပြောပြပေးသွားမှာဖြစ်ပါတယ်။ စစချင်း software ကို download ထားပါ, အောက် က လင့် က တဆင့် အလွယ်တကူ download နိုင်ပါတယ် DOWNLOAD  ပြီးရင်တော့ Zip file ကို Extract လုပ်ပြီး WNetWatcher.exe ကို run ပါ ဒါဆိုရင်တော့ မိမိ Network ထဲ မှာ ရှိတဲ့ Device မှန်သမျှ ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

Software မလိုဘဲ Website များ အသုံးပြုလို့မရအောင်ပိတ်ခြင်း

Windows မှာ software မလိုဘဲ website တွေခေါ်သုံးလို့မရအောင်လုပ်နည်းတွေပြောပြပေးသွားမှာဖြစ်ပါတယ်။ ပထမဦးဆုံး Runbox (Windows + R) ကိုခေါ်  ပြီးရင် wf.msc ရိုက်ထည့်လိုက်ပါ ဒီလို Windows Defender Firewall with Advanced Security ဆိုတာကျလာမယ် Ok ဒါဆိုရင် ဘယ်ဘက်မှာ Outbound Rules ဆိုတာရှိတယ် enter  နှိပ့်လိုက်ပါ   ပြီးရင် ညာဘက် ထောင့်က New Rules ကို ထပ်နှိပ့်   ဒီကောင်ကျလာမယ် Port ကို နှိပ့်ပြီး Next နှိပ့်ပါ   Specific remote ports ထဲမှာ 80,443 ဆိုပြီးရိုက်ထည့်ပေးပါ ( 80 ကတော့ http ကို ကိုယ်စားပြုပြီး  443 ကတော့ https ကို ကိုယ်စားပြုတဲ့ port number တွေဖြစ်ပါတယ်)   ဒီနေရာမှာ allow လုပ်ရင် သုံးခွင့်ပြုမှာဖြစ်ပြီး Block the connection ရွေးရင် သုံးခွင့်မပေးမှာဖြစ်ပါတယ် အဲ့တော့ Block ကိုရွေး Next နှိပ့်   Next ထပ်နှိပ့်ပါ   ဒီနေ ရမှာ နာမည်တစ်ခုခုပေးပြီး Finish နှိပ့်လိုက်တာနဲ့ website များခေါ်သုံးလို့မရတော့မှာဖြစ်ပါတယ်